အသင်း၏ လုပ်ဆောင်ချက်များ


ဇင်းကျိုက်မြို့မှစကာင်္ပူနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြသူများ၏ လူမှုရေးအခက်အခဲများကိုကူညီဖြေ
ရှင်းပေးနိုင်ရန် ဇင်းကျိုက်မြို့အား ခေတ်မှီမြို့အဖြစ်တည်ဆောက်ရေးလုပ်ငန်းများတွင် စနစ်တကျပါ
ဝင်ကူညီပေးနိုင်ရန်ဤအသင်းကိုဖွဲ့စည်း၍လုပ်ငန်းစီမံချက်များ၊စည်းမျဉ်းများချမှတ်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

(က)ဇင်းကျိုက်မြို့မှစင်္ကာပူရောက်အလုပ်သမားများ၏လူမှုရေးအခက်အခဲများ၊ လုပ်ငန်းခွင်ပြဿနာ
များကိုကူညီဖြေရှင်းပေးနိုင်ရန်။
(ခ)ဇင်းကျိုက်မြို့အား ခေတ်မှီမြို့အဖြစ် တည်ဆောက်ရေးလုပ်ငန်းများတွင် တတက်တအားပါဝင်ကူ
ညီရန်(ပညာရေး၊ကျန်းမာရေး၊လူမှုရေး၊ဘာသာရေးအသင်းအဖွဲ့များနှင့်ဆက်သွယ်၍အကူအညီပေးရန်)။
(ဂ)ဇင်းကျိုက်မြို့မှ လူငယ်များပြည်ပအလုပ်အကိုင်ရရှိရေးလုပ်ငန်းများနှင့်ဇင်းကျိုက်မြို့မှစင်္ကာပူနိုင်
ငံတွင်လာရောက်ပညာသင်ကြားနေသော ကျောင်းသား/သူများအား ထောက်ပံ့ကူညီရန်။

အသင်း၏အမည်
အသင်း၏အမည်ကို ဇင်းကျိုက်အားမာန် ဟုခေါ်ဆိုရန်ဖြစ်ပါသည်။
အသင်းဖွဲ့စည်းသည့်နေ့
၂၀၀၇ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့တွင် စတင်ဖွဲ့စည်းတည်ထောင်သည်။
အသင်း၏တည်နေရာ
544-A, Macpherson Road, Singapore.
အသင်း၏ဖွဲ့စည်းပုံ
(၁)နာယက(၇)ဦး
(၂)အလုပ်အမှုဆောင်(၁၇)ဦး
(၃)အသင်းဝင်များအလုပ်အမှုဆောင်အဖွဲ့၏ သက်တမ်းကို(၁)နှစ် သတ်မှတ်ပါသည်။ အသင်း၏နှစ်ပတ်လည်စုံညီအစည်းအဝေးကျင်းပသည့်အခါအမှုဆောင်အဖွဲ့ကို လိုအပ်သလိုပြင်ဆင်
ဖွဲ့စည်း အတည်ပြုရန်နှင့် လစ်လပ်သွားသော အလုပ်အမှုဆောင် နေရာအစား နီးစပ်ရာ အလုပ်အမှု
ဆောင်မှတာဝန်ယူရန်ဖြစ်ပါသည်။
အစည်းအဝေးကျင်းပခြင်း
(က)အလုပ်အမှုဆောင်အဖွဲ့၏အစည်းအဝေးကို(၁)လလျှင်တစ်ကြိမ်ပုံမှန်ကျင်းပမည်။ ထူးခြားသည့်
အကြောင်းကိစ္စရပ်ပေါ်ပေါက်လာပါကအလုပ်အမှုဆောင်အဖွဲ့အနေဖြင့်အရေးပေါ်အစည်းအဝေးခေါ်
ယူကျင်းပရမည်။
(ခ)အလုပ်အမှုဆောင်အဖွဲ့၏ အစည်းအဝေးများ (လပတ်/အရေးပေါ်) တွင်အလုပ်အမှုဆောင်ဦးရေ
(၇၅%)တက်ရောက်မှသာအစည်းအဝေးထမြောက်သည်။
(ဂ)နှစ်ပတ်လည်သင်းလုံးကျွတ် အစည်းအဝေးကိုတစ်နှစ်လျှင် တစ်ကြိမ်မပျက်မကွက်ကျင်းပရမည်။
ထိုအစည်းအဝေးတွင်အသင်းဝင်ဦးရေ၏ ထက်ဝက်ကျော်တက်ရောက်လျှင်အစည်းအဝေးထမြောက်
သည်။
(ဃ)တစ်နှစ်တစ်ကြိမ်နှစ်ပတ်လည်စုံညီအစည်းအဝေးကိုသတ်မှတ်ထားသော်လည်းအသင်းသားများတက်ရောက်နိုင်မည့် အခြေအနေပေါ် မူတည်၍ နှစ်ပတ်လည် အစည်းအဝေးကို တရုတ်နှစ်သစ်ကူး
တစ်ရက်ရက်တွင်ကျင်းပသွားမည်။
(င)အလုပ်အမှုဆောင်အဖွဲ့သည်ကြုံတွေ့ဖြစ်ပေါ်လာသည့်အကြောင်းအရာများအပေါ် မူတည်၍ နာ
ယကများထံတင်ပြပြီးလမ်းညွှန်မှုခံယူခြင်းတို့ကိုလည်းလိုအပ်သလိုဆောင်ရွက်ရမည်။
အသင်း၏ရံပုံငွေရရှိရေးအစီအစဉ်နှင့်ဘဏ္ဏရေးစည်းမျဉ်းများ
(က)အသင်းဝင်များ၏ပုံမှန်လစဉ်အသင်းဝင်ကြေးစင်္ကာပူ$၁၀ထည့်ဝင်ခြင်းဖြင့်ရန်ပုံငွေထူထောင်ရန်။
(ခ)အသင်း၏လုပ်ငန်းအပေါ်နားလည်သဘောပေါက်သောအသင်းဝင်များ၊စေတနာရှင်များ၏လှူဒါန်း
ငွေဖြင့်ရန်ပုံငွေထူထောင်ရန်။
(ဂ)အသင်း၏ဝင်ငွေမှန်သမျှကိုဘဏာရေးမှူး၏လက်ဝယ်တွင်သာအပ်နှံထားရှိရန်။
(ဃ)အသင်း၏ရန်ပုံငွေကိုဘဏာရေးမှူး၏အမည်ဖြင့်ဘဏ်စာရင်းဖွင့်ရန်၊ ဘဏ်ကဒ်နှင့်ဘဏ်စာအုပ်
ကိုဥက္ကဋ္ဌ(သို့) အတွင်းရေးမှုးထံတွင်အပ်နှံထားရန်နှင့်ငွေထုတ်ယူရန်အကြောင်းကိစ္စပေါ်ပေါက်လာပါ
က ဥက္ကဋ္ဌ(သို့) အတွင်းရေးမှုးတို့၏ ခွင့်ပြုချက်ဖြင့်သာထုတ်ယူရန်။
(င) လုပ်ငန်းဆိုင်ရာအသုံးစရိတ်များ အတွက် လိုအပ်သည့်ငွေကို အလုပ်အမှုဆောင်အဖွဲ့၏ အစည်း အဝေး ဆုံးဖြတ်ချက်ဖြင့် လုပ်ငန်းကိုဦးဆောင်တာဝန်ယူမည့်သူအားဘဏ္ဆာရေးမှူးမှထုတ်ပေးရမည်။
(စ) ရှောင်တခင်ပေါ်ပေါက်လာသည့် ကိစ္စများအတွက် ငွေလိုလျှင်ဥက္ကဋ္ဌမှ စာဖြင့်ရေးသားခွင့်ပြုချက်
အရဘဏ္ဆာရေးမှူးထံမှထုတ်ယူရန်၊ထိုကိစ္စကိုအနီးကပ်ဆုံးအမှုဆောင်အဖွဲ့အစည်း၌အတည်ပြုချက်
ရယူရမည်။
(ဆ) လုပ်ငန်းကိစ္စရပ်များအတွက်တာဝန်ခံဆောင်ရွက်သူတို့သည် မိမိအားထုတ်ပေးထားသည့်ငွေအ
တွက်လုပ်ငန်းပြီးစီးသည့်နေ့မှ (၇) ရက်အတွင်း သုံးစွဲကုန်ကျမှုငွေ စာရင်းရှင်းတမ်းကို အထောက်အ
ထား၊ပြေစာ၊ စာရွက်စာတမ်းများနှင့် လက်ကျန်ငွေများ(ရှိခဲ့လျှင်) နှင့်အတူဘဏ္ဆာရေးမှူးထံ(မပျက်မ
ကွက်)ပေးအပ်ရမည်။
(ဇ) အသင်း၏ဝင်ငွေထွက်ငွေစာရင်းနှင့်လချုပ်ရ-သုံးငွေစာရင်းရှင်းတမ်းတို့ကိုစနစ်တကျရေးဆွဲထား
ရမည်။
(ည) အသင်း၏ အလုပ်အမှုဆောင် အဖွဲ့ဝင် အားလုံးထိုလုပ်ငန်းကို ဘဏာရေးမှူးများက တာဝန်ယူ
ဆောင်ရွက်ရမည်။ထိုစာရင်းရှင်းတမ်းများကိုစာရင်းစစ်များက လစဉ်မပျက်မကွက်စစ်ဆေး၍ အလုပ်
အမှုဆောင်အဖွဲ့၏လပတ်အစည်းအဝေး၌တင်ပြကာအဆုံးအဖြတ်ရယူရမည်။
(ဈ)အသင်း၏နေ့စဉ်သာမန်အသုံးစရိတ်များ ကျခံသုံးစွဲရေးတွင်အခက်အခဲမရှိစေရန်အတွက်၊အတွင်း
ရေးမှူး၏ လက်ဝယ်တွင် ဆောင်ငွေ ထားရှိရန် ကိစ္စကို အမှုဆောင်နှင့် အသင်း၏ လုပ်ငန်းတာဝန်ယူ
ဆောင်ရွက်ပေးကြသူတိုင်းသည် အသင်းပိုင်ရန်ပုံငွေများ ဖြုန်းတီးဆုံးရှုံးမှု မရှိအောင် အထူးသတိပြု
ထိန်းသိမ်းစောင့်ရှောက်ကြရမည်။
သုံးစွဲကုန်ကျငွေနှင့်ဆီလျှော်ထိုက်တန်သောလုပ်ငန်းအကျိုးဖြစ်ထွန်းမှုရှိအောင်လည်းစေတနာထားရှိ
လုပ်ဆောင်ကြရမည်။
(ဋ္ဋ) လပတ်အစည်းအဝေးတိုင်း ဘဏ်စာအုပ်ကို ယူဆောင်လာရမည်။
အသင်း၏လုပ်ငန်းများ
(က)နာရေးကဏအသင်းသားတစ်ဦးအကြောင်းတစ်ခုခုကြောင့်သေဆုံးသွားပါက
-အသုဘမြေကျရေးကိစ္စအဝဝကို သက်ဆိုင်ရာ Company နှင့်ညှိနှိုင်းဆောင်ရွက်ရန်။
-အသုဘဆွမ်းကိစ္စတာဝန်ယူဆောင်ရွက်ရန်။
-အသင်းမှစင်္ကာပူ ဒေါ်လာ ၂၀၀၀ ကို ဂရုဏာကြေးအဖြစ် မိသားစုသို့ ထောက်ပံ့ရန်။
-ဇင်းကျိုက်မြို့သားများထံမှ ဂရုဏာငွေ ရရှိရေးကိုလည်း ကူညီဆောင်ရွက်ပေးရန်။
-လျော်ကြေးရသင့်ပါက လျော်ကြေးရရှိရေးကိစ္စအဝဝကို အသင်းမှ တာဝန်ယူဆောင်ရွက်ရန်။
(ခ)ထိခိုက်ဒဏ်ရာရခြင်းပြင်းထန်စွာထိခိုက်ဒဏ်ရာရခြင်းကြောင့်၎င်း၊ ရောဂါတစ်မျိုးမျိုးကြောင့်စင်္ကာ
ပူနိုင်ငံ၌လုံးဝအလုပ်လုပ်၍မရတော့ခြင်း ၊ သို့မဟုတ်ရာသက်ပန်အလုပ်မလုပ်နိုင်သောထိခိုက်မှုမျိုးအ
တွက်အသင်းမှ သင့်လျော်သော ဂရုဏာကြေးကို အလုပ်အမှုဆောင်အဖွဲ့ဝင်များ၏ ဆုံးဖြတ်ချက်ဖြင့်
သတ်မှတ်ပေးရန်ဖြစ်ပါသည်။
(ဂ) ဇင်းကျိုက်မြို့၏ ကဏပေါင်းစုံခေတ်မှီရေး တည်ဆောက်မှုလုပ်ငန်းများတွင် ပါဝင်ကူညီခြင်း
-ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ဇင်းကျိုက်မြို့ နယ်နိမိတ်အတွင်းမှ လုပ်ငန်းများကို သာဆောင်ရွက်
သွားမည်ဖြစ်ပါသည်။
-၎င်းလုပ်ငန်းများအတွက် ဇင်းကျိုက်တစ်မြို့လုံးနှင့် သက်ဆိုင်သောလုပ်ငန်းများကိုသာ အလုပ် အမှု ဆောင်အဖွဲ့၏ဆုံးဖြတ်ချက်နှင့်အညီအကူအညီပေးဆောင်ရွက်သွားမည်ဖြစ်ပါသည်။
-ဇင်းကျိုက်မြို့ ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ရန်ပုံငွေရရှိရေးလုပ်ငန်းများကို အသင်းမှ ဦးဆောင်၍ ကူညီဆောင်ရွက်သွားမည်ဖြစ်သည်။
ချွင်းချက်။။ဇင်းကျိုက်ဆံတော်ရှင်စေတီတော်မြတ်နှင့်ရန်ကုန်၊ဗဟန်း(၁)လမ်းရှိဇင်းကျိုက်မွန်ကျောင်း
ကိစ္စများကိုအလုပ်အမှုဆောင်အဖွဲ့ဆုံးဖြတ်ချက်ဖြင့်ပါဝင်ကူညီရန်။

အပြည့်အစုံသို့...>>>